နေ့စဉ်ညဦးယံ၌ ဆိုအပ်သောမေတ္တာများ
၁။ ကရူးစူးအမှတ်။
၂။ ကိုးကွယ်ခြင်းမေတ္တာ
အို ... ဘုရားမြတ်စွာဘုရားသခင်၊ စိတ်နှလုံကြွင်းမဲ့ ကိုယ်တော်ကိုချစ်မြတ်နိုး၍ ရိုသေစွာကိုးကွယ်ပါသည်။ အကျွန်ုပ်ကိုဖန်ဆင်း၍ ဘာသာတူခရစ္ဆတီအန်ဖြစ်စေသောကျေးဇူးတော်နှင့် ဤနေ့၌ ကိုယ်နှင့် အသက်နှင့်တကွ၊ ထားတော်မူသောကျေးဇူးတော်ကိုအဘယ်သို့ ဆပ်တင်နိုင်ပါမည်နည်း။ ဤနေ့၌ ကျင့်ဆောင်ခဲ့သောကောင်းမှုဟူသမျှကိုကိုယ်တော်အားတင်ပူဇော်ပါ၏။ ဘေးရန်မကောင်းမူမှ လွတ်ကင်းစေတော်မူပါမည့်အကြောင်း၊ ညွတ်တွားစွာအကျွန်ုပ် တောင်းလျှောက်ပါသည်။
No comments:
Post a Comment