ဆင်းရဲသောသူများအတွက် ဆုတောင်းမေတ္တာ
အိုယေဇူးဘုရားသခင် ကိုယ်တော်သည် အရာခပ်သိမ်းပြည့်စုံကြွယ်တော်မူသော်လည်း တပည့်တော်တို့အား ပြည့်စုံကြွယ်ဝစေရန် ဆင်းရဲသားတစ်ဦးအဖြစ် ကမ္ဘာလောကသို့ ဆင်းကြွလာတော်မူပေသည်။ တပည့်တော်တို့သည် အတွင်းစိတ်ဖြင့် ဆင်းရဲခြင်းကို မြတ်နိုးတတ်စေရန်နှင့် ဤကမ္ဘာပေါ်ရှိ ဆင်းရဲသောသူအပေါင်းတို့အား သနားကြင်နာတတ်ရန် ဥာဏ်အလင်းနှင့် ခွန်အားကို ပေးသနားတော်မူပါ။