Pages

Thursday, August 3, 2017

သနားခြင်း၏မယ်တော်

သနားခြင်း ၏မယ်တော်ဖြစ်ထသော၊ ငြိမ်ဝပ်သာယာစွာ သက်ရှင်ခြင်း ချမ်းသာ  ကိုပေးတတ်သော၊ ကျွန်ုပ်တို့ တောင့်တမျှော်လင့်ရာလည်းဖြစ်သော၊ သခင်မ မင်္ဂ လာရှိစေသတည်း၊ ဆင်းရဲရာဌာန၌ရှိနေကြသော ကျွန်ုပ်တို့ ဧဝမိသားစုတို့သည်။ သခင်မထံသို့ ကြွေးကြော် လျှောက်ပါသည်။ ဤမျက်ရည်ယိုရာအရပ်က၊ညဉ်းတွား ငိုကြွေးခြင်းနှင့်၊ သခင်မနောက်တော်သို့ ကျွန်ုပ်တို့ ဆုပန်တောင်းကြပါသည်။ ကျွန်ုပ်တို့ ၏ ရှေ့နေရှေ့ရပ်ဖြစ်သော သခင်မ သနားတတ်သော မျက်စိ  တော်ကို၊ ကျွန်ုပ်တို့ ဆီသို့ လှည့်လည်တော်မူပါ ၊ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သိမ်မွေ့နူးညံ့ခြင်း၊ သီလနှင့်ပြည်စုံတော်မူသော၊ အိုကညာမာရီယား၊ဤဆင်းရဲဌာနမှ လွတ်မြောက်သောအခါ၊ သခင်မ၏ ဝမ်းခေါင်း၌ စွဲနေတော်မူပြီးသော အထူးအလွန်မြတ်တော်မူလှသေ သားတော်ယေဇူးကို ကျွန်ုပ်တို့ အား ပြတော်မူ။ အာမင်။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment