တိုးတက်နေသောယနေ့ခေတ်ကြီးထဲတွင် လူတော်တော်များများက ခရစ်ယာန် တစ်ယောက်ဖြစ်ရခြင်း သည် ဘာမျှအရေးမပါ ပါဟူ၍ ထင်မြင်နေကြသည်။ တစ်ချို့ ယုံကြည်သူများလည်း စစ်မှန်သောခရစ်ယာန်ဘဝ အသက်တာဖြင့်လေးလေးနက်နက် နေထိုင်ခြင်းထက် သက်တောင့်သက်သာရှိပြီး လေးနက်မူမရှိသော အပေါ်ယံ ခရစ်ယာန်ဘဝအသက်တာဖြင့် နေချင်ကြသည်။ ထို့ကြောင့် စာတန်နတ်ဆိုးသည် လူသားများ အတောင်းတဆုံးဖြစ်သော အောင်မြင်မူ၊ ဂုဏ်ပကာသန၊ အာဏာတွေနှင့် ပရိယာယ် ဆင်ပြီး သွေးဆောင်ဖြားယောင်းပါသည်။ ထို့နောက် စာတန်၏ အကြီးမားဆုံးအကြံအစည်မှာ လူသားများ၏ ပျော်ရွင်ခြင်း၊ စည်းလုံးခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် လူသားများ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် ထာဝရ အသက်ကို မရရှိနိုင်အောင် နှောက်ယှက်ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဝိညာဉ်ရေး ဘဝခရီးလမ်း လျှောက်လှမ်းနေစဉ် တွေ့ကြုံရမည့် စုံစမ်းနှောက်ယှက် ခြင်းများ၊ ခန္ဓာနှင့် ဝိညာဉ်ကို ထိခိုက်ပျက်ဆီးစေမည့် အန္တရာယ်မှန်သမျှကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် လက်နက် လိုအပ်ပါသည်။ သမ္မာဟောင်းကျမ်းထဲတွင် ဘုရားသခင် သည် ဒါဝိဒ်မင်းကြီးအား ကျောက်ခဲငါးလုံးနှင့် ရန်သူ တော်ကြီး ဂေါလျတ်အား တိုက်ခိုက်အနိုင်ယူစေသကဲ့သို့ အမိမယ်တော်သည်လည်း ကျွန်ုပ်တိုအား စာတန်နတ်ဆိုးနှင့် ဝိညာဉ်ရေးအား ထိပါးနှောက်ယှက်လာမည့် အဖျက်ရန်စွယ် မှန်သမျှကို ရင်ဆိုင်တိုက်ခိုက်အနိုင်ယူနိုင်ဖို့ရန်အတွက် ကျောက်ခဲငါးလုံး (သို့) လက်နက်ငါးပါး ပေးလိုက်သည်။ ထိုလက်နက်ငါးပါးမှာ -
(၁) ဆုတောင်းခြင်း
(၂) ခြိုးခြံချွေတာ၊ ဝါရှောင်ခြင်း
(၃) သမ္မာကျမ်းစာဖတ်ရူခြင်း
(၄) အပြစ်ဖြေခြင်း
(၅) မစ္ဆားတရားနှင့် ကိုယ်တော်မြတ်စက္ကရမင်းတူး တို့ဖြစ်ပါသည်။
No comments:
Post a Comment