ဇို(တီးတိန်)
လယ်သမား၏ ဆယ်နှစ်အရွယ်သားလေးက ငြိမ်ငြိမ်မနေတတ်ချေ။ ပုံမှန်အားဖြင့် သူသည် သူကြားခဲ့၊ မြင်တွေ့ခဲ့သည့်အရာများနှင့်ပတ်သက်၍ စိတ်ကူးယဉ်ကာ ပျော်နေတတ်သည်။ အထူးသဖြင့် တနင်္ဂနွေနေ့များ၌ဆိုလျှင် သမ္မာကျမ်းဝင်ပုံပြင်များကို နားထောင်ပြီးသည့်နောက်တွင် စကားတွေ များလာတတ်သည်။ ဤသို့အားဖြင့် သူ၏ဆရာမက လူကလေးကို စိတ်ဝင်စားအောင် လုပ်ရာ၌ အမြဲတမ်း အောင်မြင်ခဲ့လေသည်။ သို့ရာတွင် ထိုထူးခြားသောတနင်္ဂနွေနေ့တစ်ရက်တွင်မူ လူကလေးက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
"သားလေး နေမကောင်းဘူးလား"
စိုးရိမ်မကင်းသည့်လေသံဖြင့် ဖခင်ဖြစ်သူက မေးလိုက်သည်။
"နေကောင်းပါတယ်ဖေဖေ......၊ တနင်္ဂနွေနေ့ ဘုရားစကားတန်းမှာ ကြားခဲ့ရတဲ့ပုံပြင်လေးကိုသာ သား မယုံသင်္ကာဖြစ်နေတာပါ"
ဝမ်းနည်းစွာဖြင့် ခေါင်းငိုက်စိုက်ချလျက် လူကလေးက ပြန်ဖြေလိုက်သည်။
"ဘယ်ပုံပြင်ပါလဲ"
No comments:
Post a Comment