Pages

Friday, July 21, 2017

ကက်သလစ် စစ္စတာပေါင်း တစ်ထောင့်တစ်ရာ Prostitute လိင်လုပ်သမများအား ကယ်ဆယ်နေခြင်း

ကက်သလစ် စစ္စတာပေါင်း တစ်ထောင့်တစ်ရာ
Prostitute လိင်လုပ်သမများအား ကယ်ဆယ်နေခြင်း

၂၀၁၅ ခုနှစ်က သတင်းဖြစ်ပါတယ်။

ကက်သလစ် စစ္စတာ အသင်းပေါင်းစုံက စစ္စတာပေါင်း ၁၁၀၀ ဟာ ကွန်ရက်ချိတ်ဆက်ပြီး နိုင်ငံပေါင်း ၈၀ ကျော်မှာ လူကုန်ကူးမှုရဲ့ သားကောင်များ ဖြစ်တဲ့ လိင်လုပ်သမများကို ကယ်ဆယ်ကူညီနေကြပါတယ်။

ကက်သလစ် စစ္စတာများ လုပ်နေတဲ့ အဓိက လုပ်ဆောင်ချက်များဟာ လိင်လုပ်ငန်းများအတွင်း ဝင်ရောက်ပြီး အသက်မပြည့်သေးတဲ့ လိင်လုပ်သား/သမများကို ပြန်လည် ဝယ်ယူခြင်း ကယ်ဆယ်ခြင်းနဲ့
မတရား လူကုန်ကူးခံနေရတဲ့ အရွယ်ရောက် လိင်လုပ်သမများကို ပြန်လည် ခေါ်ဆောင် ပြုစုစောင့်ရှောက် သင်တန်းပေးကာ ပုံမှန် အလုပ်လုပ်စားနိုင်မယ့် အခြေအနေမျိုး ရောက်အောင် လုပ်ပေးနေကြတာပါ။

စာရင်းများအရ ကမ္ဘာပေါ်မှာ မတရား လူကုန်ကူးခံရသူ သန်း ၇၀ ကျော်ရှိကာ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီး ဖြစ်ပြီး
သန်း ၇၀ ကျော်က တဝက်မှာ ၁၆ / ၁၈ နှစ်အာက် ကလေးသူငယ်များ ဖြစ်ကြပါတယ်။
ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment