St. Francis နှင့် သိုးငယ်လေး
တစ်ခါက၊ St. Francis ဟာ သူငယ်ချင်းများနှင့် လယ်တောတစ်ခု ဖြတ်သွား ရင်း ဆိတ် နှင့် နွားများကြားမှာ ပျော်ရွှင်စွာ ကျက်စားနေတဲ့ သိုးငယ်လေး တစ်ကောင်ကို လှမ်းမြင်လိုက်တယ်။ ဒါနှင့် St. Francis က သူငယ်ချင်းတွေကို
"ကြည့်စမ်းပါအုံး၊ ဟိုမှာဆိတ်အုပ် နွားအုပ်တွေကြားမှာ သိုးငယ်တစ်ကောင် လွတ်လွတ်လပ်လပ်သွားလာတာ ကြည်နူးစရာကောင်းလိုက်တာ" လို့ပြောလိုက်တယ်။
နောက်တစ်နေ့ သိုးငယ်လေးအဖြစ်ကို ရှုစားဘို့ အဲဒီလယ်တောကို St. Francis နှင့် သူငယ်ချင်းတစ်စုပြန်လာခဲ့ကြတယ်။ လယ်ကွင်းလဲရောက်ရော၊ ဘာတွေ့သလဲဆိုတော့ ကျားသစ်တစ်ကောင်ကနေမှ ဆိတ်အုပ်နွားအုပ်ကြားမှ ပင် ၄င်းသိုးငယ်ကိုမှ ရွေးပြီးတိုက်ခိုက် ကိုက်စားဘို့ ကြိုးစားနေတာကို တွေ့လိုက်ရတယ်။
ဆက်လက်ဖတ်ရှုရန် »

No comments:
Post a Comment