Pages

Thursday, August 24, 2017

စိန်လွီစ်

သြဂုဏ်လ (၂၅) ရက်နေ့                           
ယနေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ ရှင်နေ့ရှင်
စိန်လွီစ်(St.Louis)                  
                 ယနေ့ ပွဲနေ့ ရှင်သည်ပြင်သစ်နိုင်ငံ၏ပြည့်ရှင်မင်းကြီးဖြစ်
ပါသည်။ သူဘု ရင့်ထီးနန်းကိုဆက်ခံချိန်၌အ သက် (၂၂) သာရှိသေး သည်။ သူ့ အား (၁၂၁၄) ခုနှစ်တွင်မွေးဖွားသန့် စင်ခဲ့သည်။ သူသည် ဘုရင်ဖြစ်သော်လည်းဘု ရားတရားအလွန်ကြည်ညိုကိုင်းရှိုင်းပြီး၊ သာမန် ဘာသာတူများအတွက်ကျင့်ကြံအားထုတ်နိုင်သောစိန်ဖရန်စစ်၏ ၀ိညာဉ်ရေးကျင့်စဉ်ကိုကျင့်ကြံဆောက်တည်သူဖြစ်သည်။ သူသည် ဘု ရင်ဖြစ်သော်လည်းဆုတောင်းခြင်း၊ သနားခြင်း၊ ခရစ်ယာန်ကျင့်ဝတ် များ ကိုကျင့်ကြံရာ၌စံပြုထိုက်သူဖြစ်သည်။ သူသည်အိမ်ထောင်ပြုခဲ့ပြီး၊ ပျော် ရွှင်သောမိသားစုကို လည်းတည်ထောင်နိုင်ခဲ့ပြီး၊ သားသမီး (၁၁) ထွန်း ကားခဲ့သည်။ သူသည်တိုင်းသူပြည်သားအပေါ်၌လည်းဘာသာရေး ၏အ ဆုံးအမကိုအခြေခံ၍အုပ်ချုပ်သူဖြစ်သည်။ ဘုရားသခင် ၏နိုင်ငံတော်တိုး ချဲ့ရာတွင်လည်းစိတ်အားထက်သန်သူ၊ ကူ ညီသူဖြစ်သည်။ သူသည် ခရူး ဆိတ်စစ်ပွဲတွင်နှစ်ကြိမ်ပါဝင်ခဲ့သည်။ သူသည် (၁၂၇၀) ခုနှစ်၊ အာဖရိ ကနိုင်ငံ၊ ကာလ် သေ့ခ်ျမြို့၌နတ်ရွာစံသွားခဲ့ပါသည်။ သူနတ်ရွာစံချိန်၌ မည်သည့်အဆောင်အယောင်မျှမပါဘဲ၊ ရိုးရှင်းနိမ့်ချစွာထွက်ခွာ သွားခဲ့ သည်။


ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment