တတိယကမ္ဘာခေတ်လို့ နာမည်ကြီးနေတဲ့ ဒီနေ့ (၂၁) ရာစုခေတ်မှာ ရှင်သန်နေရတဲ့ ကျွန်ုပ်တို့လူသားတွေ ဟာ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ သိပံ္ပပညာပိုင်း ဆိုင်ရာတိုးတက်တီထွင်ဆန်းသစ်လာမှု၏ အရှိန်အဟုန် ကြောင့် ကျွန်ုပ်တို့လူသားအသိုင်းအဝိုင်းထဲတွင် ဘုရားမေ့ တရားမေ့၊ ဘုရားမရှိတရားမရှိသည့် အခြေအနေသို့ တစ်စ တစ်စ ရောက်ရှိလာသည်ကိုတွေ့ရသည်။ ဒှွီှု ခေတ်မှာ ဦးနှောက်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ တဟုန်းဟုန်း တိုးတက်လာပေမယ့် နှလုံးသားပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ အဆင့်အတန်းမှာတော့ တစ်ဖုတ်ဖုတ် ကျဆင်း လာတာကို ဝမ်းနည်းစွာတွေ့ရသည်။ ဒီလို လူသားတွေ ဘုရားမေ့၊ တရားမေ့ဖြစ်လာကြလို့ ဘုရားသခင်တကယ်ပဲ ပျောက်ကွယ်သွားပြီလား။ လုံးဝမဟုတ်ပါ။ ဘုရားသခင် သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မပြောင်းလဲ အမြဲတည်နေ တော်မူသော ဘုရားဖြစ်သည်။ ထို့ကြောင့် ဘုရားနဲ့အမြဲ ပေါင်းစပ်နိုင်မယ့် အရိုးစင်းဆုံးနဲ့ အခြေခံအကျဆုံးနည်းလမ်း ကို ဝေမျှတင်ပြချင်ပါသည်။
No comments:
Post a Comment