အလွန်စင်ကြယ်တော်မူသော၊ အပြစ်အကြေးအညှော်မှ၊ အလွန်ကင်းရှင်းတော်မူသော၊ ဘုရား၏မယ်တော်၊ အပြစ်ရှိသောသူတို့မှီခိုရာ၊ နွမ်းရိညှိုးငယ်သောသူတို့ စိတ်ဖြေရာဖြစ်တော်မူသော သခင်မ၏ ခြေရင်း၌၊ ပျပ်ဝပ်လျက်၊ ထက်ကောင်းကင် သူတော်မြတ်အပေါင်းတို့ရှေ့၊ အကျွန်ုပ်တို့ကို သခင်မအား ပူဇော်အပ်နှံကြပါသည်။ မယ်တော်ကို အကျွန်ုပ်တို့၏ သခင်ဘုရင်မဟူ၍ မှတ်ယူရွေးကောက်ကြသည်နှင့်အညီ၊ ကျွန်ုပ်တို့ ကိုလည် သခင်မ၏ အစေခံကျွန်ကဲ့သို့ ၊ မှတ်ယူတော်မူပါ။ အကျွန်ုပ်တို့၏ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးကိုလည်းကောင်း၊ အကျွန်ုပ်တို့ ဆိုင်ပိုင်ရာ ဟူသမျှကိုလည်းကောင်း၊ လက်ခံသိမ်းတော်မူပါ။ ပေါက်ဖော်ဆွေမျိုးညတကာ အပေါင်းနှင့်၊ဤလောကတွင် အကျွန်ုပ်တို့. ခင်တွယ်သမျှကို သခင်မ အား ပူဇော်အပ်နှံကြပါသည်။ အလွန်ချစ်ခင်ဖွယ်ရာ ဖြစ်တော်မူသော အို.....မယ်တော်။ အကျွန်ုပ်တို့ ကို စောင့်ထိန်းသိမ်းပိုက်သဖြင့်၊ ကောင်းချီး မင်္ဂ လာ ပေးသနားတော်မူပါ။ အနှောက်အယှက်တို့မှ၊ ကွယ်ကာစောက်ရှောက်၍၊ ဘေးရန်အပေါင်းမှ ကယ်တော်မူပါ။ ဝေဒနာကပ်ရောက်ကာလ၊ကိုးကွယ်ရာ ညှိုးငယ်ပူဆွေးကာလ၊ စိတ်ဖြေရာသခင်မဖြစ်တော်မူပါ။ အပြစ်ဒုစရိုက်မှ ကင်းလွတ်ပါမည့်အကြောင်း၊ စောင်မတော်မူ၍၊ သေချိန်အခါ၌လည်း၊ ချစ်မယ်တော်၊ ကြွလာတော်မူပါ။ သခင်မ၏ ချစ်လှသော သားတော်ယေဇူး ခရစ္ဆတူးကိုလည်းကောင်း၊ မယ်တော်ကိုလည်းကောင်း၊ အစဉ်မပြတ် ကျေးဇူးတင်ဆက်၍ ချီးမွမ်းနိုင်ပါမည်အကြောင်း အကျွန်ုပ်တို့၏ ဝိညာဉ် သည်၊ မယ်တော် ပို့ဆောင်သောအားဖြင့်၊ ရွှေပြည်တော် ကောင်းကင်သို့ ရောက်ပါစေ၊ ဖြစ်စေသောဝ်။ အာမင် ။
ဆက်လက်ဖတ်ရှုရန် »
No comments:
Post a Comment