Pages

Monday, August 21, 2017

သံပေတရူး၏ ကက်သီဒြယ် ကျောင်းတော်ကြီး (ကက်သလစ် ခရစ်ယာန်တို့၏ ဗဟိုဌာနချုပ်)



ကွန်စတင်တိုင်းဘုရင်သည် ပထမဆုံးကျောင်းတော်ကြီးကို သံပေတရူး တရားတော်အတွက် အသတ်ခံရသော နေရိုဘုရင်
၏ ဆပ်ကပ် ခေါ် ပွဲကျင်းပရာနေရာတွင် တည်ရှိသော သံပေတရူး၏ အုတ်ဂူပေါ်တွင် အေဒီ (၃၂၄) ခုနှစ်တွင်
တည်ဆောက်ခဲ့သည်။ ယခုလက်ရှိကျောင်းတော်ကြီးကို ပဉ္စမမြောက်ရဟန်းမင်းကြီး နီကောလားက ၁၄၅၂ခုနှစ်တွင်စတင်
တည်ဆောက်သည်။ သံပေတရူး၏ ဘုရားကျောင်းတော်ကြီးသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးကျောင်းတော်ကြီး
ဖြစ်သည်။ ကျောင်းတော်၏ အလျားသည် ၂၁၁.၅ မီတာ ဖြစ်သည်။ မြေကြီးမှ အုပ်ဆောင်းပုံ ပြဿာဒ်ထိပ်အထိ ၁၃၂.၅
မီတာဖြစ်သည်။ ကျောင်းတော်ကြီး၏ ရှေ့မျက်နှာစာသည် ၁၁၄ မီတာရှည်ပြီး အမြင့်မှာ ၄၅မီတာ ဖြစ်သည်။
အုပ်ဆောင်းပုံ ပြဿာဒ်ထိပ်ရောက်ရှိရန် လှေကားထစ်(၅၃၇) ထစ် တက်ရသည်။ ကျောင်းတော်ကြီး၏ ရင်ပြင်ကြီးကို
တစ်တန်းလျှင်(၄) တိုင်၊ ကျောက်တိုင်ကြီး (၂၈၄) တိုင်ဖြင့် ပတ်လည်တည်ဆောက်ထားသည်။ ထိုတိုင်များ၏
အထက်တွင် ရဟန္တာ တို့၏ ဆင်းထု (၁၄၀) ကို တင်ထားသည်။ ရင်ပြင်အလယ်၌ စိုက်ထူထားသော အဖျားရှူးလေးမြှောင့်
ပုံ ကျောက်တိုင်ကြီးကို ကာလီဂူလားသည် အီဂျစ်ပြည်မှ ရောမမြို့သို့ယူဆောင်ခဲ့သည်။ ယင်း၏   အမြင့်  မှာ (၁၄၁) မီတာ
ရှိသည်။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment