Pages

Thursday, August 24, 2017

ထိုင်းနိုင်ငံမှ ပထမဆုံးဓမ္မအာဇာနည် သူတော်စင် နီကော်လပ်စ် ဘွန်ကာထ်ကစ်ဘမ်ရွန်



သူတော်စင် နီကော်လပ်စ်ဘွန်ကာထ်ကို ၁၈၉၅ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင်မွေးဖွားခဲ့ပြီး ဖေဖော်ရီဝါရီ ၅ ရက်နေ့တွင် နာခွန်ပါသွန်နယ်၊ စန်ဖရမ်ရှိ စိန်ပီတာဘုရားကျောင်းတွင် ဆေးကြော်ခြင်းပေးခဲ့ပါတယ်။ သူသည် ရဟန်းတို့တတ်အပ်သောပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၁၉၆၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင် ကက်သီဒြယ်ဘုရားကျောင်းကြီးတွင် ရဟန်းသိက္ခာကို ဆရာတော်ကြီးရမ်ပဲရော့စ်လက်တော်မှ ခံယူခဲ့ပါတယ်။

ဖာသာရ်နီကော်လပ်စ်၏ ပထမဆုံးသာသနာလုပ်ငန်းမှာ ဘန်နာခူအက်ဒေသရှိ မေရီ၏မွေးဖွားခြင်းကျောင်းတော်ပင် ဖြစ်ပါတယ်။ ထို့နောက် ဖီဒ်စန်းနူလော့ခ်ရှိ စိန်နီကော်လပ်စ်ဘုရားကျောင်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထို့အပြင် ချင်းမိုင်တွင်လည်းကောင်း၊ လန်ပန်တွင်လည်းကောင်း၊ ခေါရက်နှင့် နွန်ခေအိုတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment