Pages

Thursday, August 24, 2017

ငြိမ်းချမ်းရေးနှစ်

2017 August Editorial of CBCM Herald
ငြိမ်းချမ်းရေးနှစ် . . .
 ကက်သလစ်အသင်းတော်တွင် ဇန္နဝါရီလ ၁ ရက်နေ့ကို ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ အဖြစ် သတ်မှတ် ကျင်းပလာခဲ့သည်မှာ ၂၀၁၇ ခုနှစ် တွင် အကြိမ်ပေါင်း ၅၀ ပြည့်ခဲ့ပါပြီ။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကပင် အသင်းတော်၏ ဥေဿျှာင် ပုပ်ရဟန်းမင်းကြီးများသည် ကမ္ဘာကြီး ငြိမ်းချမ်းရန် လိုက်နာရမည့် လမ်းစဉ်များကို ညွှန်ပြခဲ့ကြသည်။
 ၁၉၆၈ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပထမဦးဆုံးသော သဝဏ်လွှာကို ထုတ်ပြန်ခဲ့သည်။ ထိုသဝဏ် လွှာတွင် "ငြိမ်းချမ်းရေးသည်သာ လူသားတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော လမ်းစဉ် ဖြစ်သည်။" ဟု ရေးသားခဲ့သည်။ "ဂုဏ်တုဂုဏ်ပြိုင်လိုသော အမျိုးသားရေး စိတ် ကြောင့် ဖြစ်သော တင်းမာမှုများ၊ အကြမ်းဖက်တိုက်ခိုက် အနိုင်ယူခြင်းများ၊ တရားဥပဒေ စိုးမိုးရေးဟူသော လွဲမှားသည့် ခေါင်းစဉ်အောက်၌ ဖိနှိပ်ချုပ်ချယ်မှုများ၌ တိုးတက်မှု မရရှိ နိုင်ပါ။" ဟု ပုပ်ရဟန်းမင်းကြီးက သင်ကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတကာပဠိပက္ခများ အား ဖြေရှင်းရာတွင် လက်နက်ကိုသာ အားကိုးခြင်း သည်လွှဲမှားသော အယူအဆ ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို တရားမျှတသော ဥပဒေအပေါ် အခြေခံဆွေးနွေးခြင်း၊ တရားမျှတခြင်းနှင့် သာတူညီမျှ ဖြစ်ခြင်းတို့၌သာ အဖြေရှာကြရန် တိုက်တွန်းခဲ့သည်။ ငြိမ်းချမ်းခြင်း၏ အနက်နှင့် မြတ်နိုးခြင်းတို့သည် အမှန်တရား၊ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့အပေါ်တွင် တည်ဆောက်မှသာ ခိုင်မာနိုင်မည်ဟု ရေးသား ခဲ့သည်။
(PAUL VI, Message for the First World Day of Peace, 1 January 1968).

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment