ကျွန်ုပ်တို့အားလုံး ၂ဝ၁၄ ခုနှစ်ကို အခက်အခဲ အမျိုးမျိုးကြားမှ ဘုရားရှင်၏ ကြီးမားသော ကျေးဇူး တော်ကြောင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်။ ၂ဝ၁၄ ခုနှစ်ကိုကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ ရှိသော ကက်သလစ် သာသနာတော်အတွက် ကျေးဇူးတော် အပေါင်းခညောင်း သည့်နှစ် ဟုပြောလျှင် မှားမည်မထင်အံ့။ မြန်မာနိုင်ငံတော် သို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅ဝဝ)
ပြည့်ဂျူဗလီပွဲတော်ကြီးကို ရန်ကုန်မြို့၌ နိုဝင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီ။ ထိုမျှမက ကျွန်ုပ်တို့ မြန်မာပြည် ကက်သလစ်သာသနာတော်အတွက် အားကျ အတုယူစရာ ဓမ္မအာဇာနည်သူရဲကောင်း၊ သူတော်မြတ် (၂) ပါးပေါ်ထွန်းခဲ့သည့် ကောင်းကြီးဝေဖြာမှုဟာ ၂ဝ၁၄ ခုနှစ် ပေတည်း။ ထိုပုဂ္ဂိုလ်ထူး ဓမ္မအာဇာနည်နှစ်ဦးကား PIME ဘုန်းတော်ကြီးမားရီယိုဗေဂါးရာနှင့်ဓမ္မဆရာအေဆီဒေါရို တို့ဖြစ်ကြသည်။ ထိုဓမ္မအာဇာနည် (၂) ဦးထဲက တစ်ဦး ဖြစ်သည့် ဓမ္မဆရာအေဆီဒေါရိုကို ကက်သလစ်အသင်း တော်၏ ''ပထမဆုံးမြန်မာနိုင်ငံသား သူတော်မြတ် ''
Blessed အဖြစ်သို့တင်မြှောက်ခြင်းခံရခြင်းသည် ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံရှိ ကက်သလစ်သာသနာတော် အတွက် ပို၍ပင် ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည်။ ထိုဓမ္မအာဇာနည်များ၏ အနစ်နာခံစိတ်နှင့် သွေးဖြင့်သက် သေခံချက်တို့ကြောင့် မြန်မာပြည်၌ ကက်သလစ်သာသနာ တော် ပို၍ထွန်းကားနေပြီဖြစ်သည်။
ဓမ္မအာဇာနည် ဘုန်းတော်ကြီး မားရီယို ဗေဂါးရာ နှင့် ဓမ္မဆရာအေဆီဒေါရို တို့၏ ဘဝအကျဉ်းကိုအောက် တွင်ဖော်ပြပေးလိုက်ပါသည်။
No comments:
Post a Comment