Pages

Monday, August 7, 2017

" မြန်မာပုံနှိပ်လုပ်ငန်း သမိုင်းအစ "



အင်းဝရောက်ခြေရာများ - အပိုင်း (၁၉)

အင်းဝရောက်ခြေရာများ - အပိုင်း (၁၈)

မြန်မာပုံနှိပ်လုပ်ငန်း သမိုင်းအစ

သက္ကရာဇ် ၁၇၇၃ -ခုနှစ် ဇန်န၀ါရီလပိုင်းတွင် ဆရာတော် ပယ်ရ်ကိုတိုသည် အောက်မြန်မာပြည်သို့ ခရီး ထွက်ခွါခဲ့သည်။ ရန်ကုန်မြို့ရှိ အပြစ်မဲ့ သန္ဓေ္ဓယူသောသခင်မ ဘုရားရှိခိုးကျောင်းထိုင် ဘုန်းတော်ကြီး ကာရ်ပါးနီနှင့် တွေ့ဆုံခဲ့သည်။ မြန်မာပြည်၌ သာသနာရေး အခြေအနေများ ကောင်းမွန် တိုးတက်နေသဖြင့် လုပ်ငန်းသစ် စီမံကိန်းများ တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားရန်၊ ရောမသာသနာဌာနချုပ်နှင့်  ညှိနှိုင်း လုပ်ကိုင် ဆောင်ရွက်ဘို့ ဘုန်းတော်ကြီး ကာရ်ပါးနီကို အီတလီပြည်သို့ ခေတ္တ စေလွှတ်လိုကြောင်း တင်ပြဆွေး နွေးခဲ့သည်။ ထို့ပြင် ဆရာတော်ကိုင်တိုင် ရှေးယခင်က ရည်ရွယ်ချက်ရှိထားသော မြန်မာပုံနှိပ်လုပ်ငန်း ကိစ္စကိုလည်း အကောင်အထည်ဖေါ်ကြဘို့ ဆွေးနွေး တိုင်ပင်ခဲ့သည်။ မြန်မာစာပေကို ပုံနှိပ်လောကသို့ ပို့ဆောင် ပေးနိုင်ခဲ့ပါက မြန်မာစာပေလောကသည် ပိုမို ကျယ်ပြန့်လာပြီး၊ မြန်မာတိုင်းရင်းသား အားလုံးလိုလိုပင် အကျိုးခံစားရမည်ဖြစ်ကြောင်း ဆရာတော် မျှော်မှန်းခဲ့သည်။ သို့ဖြစ်၍ ရောမမြို့၊ုသာသနာ ပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ်ကြီးမှ မြန်မာပုံနှိပ်လုပ်ငန်း ထမြောက် အောင်မြင်မှု ရရှိရေးအတွက် ကူညီပံ့ပိုးပေးဘို့ တောင်းခံရန် စီစဉ်များကို  ပြုလုပ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment