ဖာတီမာတွင်အမိမယ်တော်ထင်ရှားပြစဉ်သင်ကြားပေးခဲ့သော ဆုတောင်းမေတ္တာ (၅) ပုဒ်ရှိ သည်သင်သိပါသလား။ ဖာတီမာသည်ပေါ် တူဂီမြို့မှဖြစ်သည်။ မြန်မာပြည်မှအချို့သောဘာသာတူများ ပင်လျင်ဘုရား ဖူးရောက်ရှိခဲ့ကြပြီးဖြစ်သည်။ သိုးထိန်းကလေးသုံးယောက်အား အမိ မယ်တော်ကိုယ်ထင်ရှားပြရာမှဖာတီမာသည်လူသိများလာခဲ့သည်။ အထူးသဖြင့်အမိမယ်တော်အားကြည်ညိုသူများ ဖြစ်ကြသည်။
အမိမယ်တော်သည် (၂၀) ရာစုအစောပိုင်းတွင်ထင်ရှားပြခဲ့ပြီး၊ ဤထင်ရှားပြခြင်းသည်ကက်သ လစ်ကမ္ဘာအတွက်အလွန်ကျော် ကြားသောအံ့ဖွယ်ရာတစ်ပါးဖြစ်ခဲ့သည်။ ကလေးသုံးဦးသည်အမိမယ် တော်ထံမှသတင်းစကားများစွာကိုခံယူရရှိခဲ့သည်။ ထိုသတင်းများအား လုံး၏အဓိကတိုက်တွန်းချက်မှာမိမိတို့ အပြစ်၊ အမှားများမှနောင်တတ ရားယူရန်၊ ဆုတောင်းရန်နှင့်ဆုတောင်းမေတ္တာအသစ် (၅) ပုဒ်ကိုလည်း သစ်လွှင်စွာသင်ကြားပေးခဲ့သည်။ ထိုဆုတောင်းမေတ္တာ (၅) ပုဒ်အနက်တစ်ပုဒ်ကိုမူကျွန်ုပ်တို့  အားလုံးအလွန်ရင်းနှီးကြသည်။ ကျန်လေးပုဒ်ကိုသာလျှင်လူသိပ်မသိကြပေ။
ဖာတီမာမှသိုးကျောင်းသား (၃) ဦးအားသင်ကြားပေးခဲ့သော ဆုတောင်းမေတ္တာ (၅) ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဖာတီမာဆုတောင်းမေတ္တာ (သို့ ) တစ်ဆယ့်စိပ်ပြီးတိုင်းပူဇော်သော ဆုတောင်းမေတ္တာ
အိုယေဇူး၊ ကျွန်ုပ်တို့ ၏အပြစ်များကိုခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့  ကိုငရဲမီးမှလည်းကယ်တင် တော်မူပါ။ ကျွန်ုပ်တို့ ကိုကောင်းကင်သို့ ပို့ ဆောင်တော်မူပါ။ ကိုယ်တော်၏သနားခြင်းကိုအထူးလိုအပ် နေသော သူများကိုသနားတော်မူပါ ‘အာမင်’ ဖြစ်သည်။ ဤဆုတောင်းမေ တ္တာကို စိတ်ပုတီး စိပ်ပြီးတိုင်း ထည့်သွင်းဆုတောင်းရန်၊ အမိမယ်တော် မှ ကလေးသုံးဦးအားမှာကြားခဲ့သည်။
No comments:
Post a Comment