Pages

Friday, August 4, 2017

သူတို့​​ပြောမယ့်​ သူ့အ​ကြောင်း



ဆီ​​မွှေးလိမ်းကျံ​ပေး​သောအမျိုးသမီး ​(မာကု ၁၄း၁-၁၁)

ကျွန်​မက​တော့ ​ယေဇူးကိုဆီ​ဖြင့်​လိမ်းကျံ​ပေးခဲ့တဲ့ အမျိုးသမီးပါ။ သူက ကျွန်​မရဲ့ လုပ်​​ဆောင်​ချက်​ဟာ ကမ္ဘာကြီးက အစဉ်​သတိရ​နေလိမ့်​မယ်​လို့ ​ပြော​ပေမယ့်​ ကျမ်း​ရေးတဲ့သူ​တွေက ကျွန်​မနာမည်​​ဖေါ်ပြဖို့ ​မေ့ခဲ့ကြ​သေးတယ်​။ သူ့ရဲ့​ပြောပုံ ဆိုပုံက ထူးဆန်းတယ်​။ နူးညံ့တယ်​။ သိမ်​​မွေ့တယ်​။ ဒါ​ပေမယ့်​ သူအ​သေခံရမယ်​လို မကြာခဏ​ပြောတယ်​ ကျွန်​မလည်းသူ့လမ်းစဉ်​အတွက်​ သိပ်​ကူညီ​ပေးချင်​တာ​လေး။ အရဲစွန့်​ပြီး အ​ကောင်​အထည်​​ဖေါ်ဖို့ ကြိုးစားလိုက်​တယ်​။ ကျွန်​မရှိသမျှ​ငွေနဲ့ ​ဝယ်​ထားတဲ့ဆီ​မွှေး​တွေ၊ ကျွန်​မရဲ့ခွန်​အား​တွေ၊ မျက်​ရည်​​တွေ၊​မျော်​လင့်​ချက်​​တွေအားလုံး သူ့​ခြေ​ရှေ့သွားသွန်​ချ​ပေးလိုက်​တယ်​။ ကျွန်​မရဲ့ ဆီ​မွှေးရနံ့​လေးက တစ်​ခန်းလုံးပျံ့သွားတယ်​။ တစ်​ခန်းလုံးတိတ်​ဆိတ်​​နေကြပြီး ကျွန်​မကို ဘုကြည့်​ကြည့်​​နေကြတယ်​။ ကျွန်​မလည်း ဂရုမစိုက်​ဘဲ သူ့​ခြေ​ထောက်​ကို ကျွန်​မမျက်​ရည်​ဖြင့်​ ​ဆေး​ကြောရင်း ကျွန်​မဆံပင်​နှင့်​သုတ်​​ပေး​ခဲ့တယ်​။ သူတို့ထဲက တစ်​​ယောက်​က​တော့ "နှ​မြောလိုက်​တာ"လို့ မြည်​တွန်​​တောက်​တီးတယ်​။ ယခုချိန်​ထိ သူကြည့်​လိုက်​တဲ့ အကြည့်​တစ်​ချက်​နှင့်​ သူ့ရဲ့စကားတစ်​ခွန်းက ယခုချိန်​ထိ ပဲ့တင်​ထပ်​​နေ​သေးတယ်​ရှင့်​။ အဲ့ဒီစကားတစ်​ခွန်းက​တော့ "ငါ့သမီး သင့်​အပြစ်​ကို ငါခွင့်​လွတ်​လိုက်​ပါပြီ"တဲ့။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment